Wednesday, August 25, 2010

ရင်မှာရှသွားတဲ့ သီချင်း

မြို့ထဲ ကျွန်တော့် တွေ့မိသေးလား
ညီမလေးကို တွေ့မိသေးလား
ရှုမျှော် ခင်းကိုဖွင့်ချလိုက်တော့
မြက်ခင်းစိမ်းစိမ်း။ သစ်ပင်စိမ်းစိမ်း
အခု ကိုယ်စိမ်းလန်းနေတယ်။

ကျောက်ဖြစ်ရုပ်ကြွင်းထဲ သမိုင်းဟာရွေ့နေသလို
ကိုယ်လည်း အခုမှ လှုပ်လာတယ်။
အသားထဲ ဆုူးတွေစုးဝင်နေသလို
ကမ္ဘာဟာ စစ်ပွဲကို မလိုချင်လည်းရခဲ့တယ်
ကိုယ်လည်း အလွမ်းနဲ့ လောင်ခဲ့တယ်။
...............ရေ
ပြေးနေတာတောင် မဝေးတော့
မင်းမရှိကမ္ဘာဟာ ကိုယ့်အတွက် အသေပေါ့။

ဒီလိုနဲ့ အမှောင်မှုာ
သစ်ကိုင်းလေးတွေ တဖျောက်ဖျောက်ချိုးလို့
ဂစ်တာအိုးကို တဒေါက်ဒေါက်ခေါက်လို့
တလွှာချင်း တချပ်ချင်း။ မုန်တိုင်းလို မြေငလျင်လို
သတိရခြင်းကိုပဲ ရခဲ့တယ်။

တကယ်ပါ
အချစ်မှာ စစ်ရှုံးရတာ
ကိုယ့်မှာ
ပျော်ရတယ် ။


ဆောင်းဝေ
20 . 7. 2010


0 comments:

LinkWithin

Related Posts with Thumbnails