Wednesday, August 25, 2010

ရန်ကုန်တစ်ဖက်ကမ်း

ရန်ကုန်တစ်ဖက်ကမ်း
တစ်ဖက်ကို ဟိုဘက်ကမ်း ချထားတာ
ရေက ထိုးခွဲလိုက်လို့ မြို့က နှစ်ခြမ်းကွဲသွားတာ
ရင်နှစ်ခြမ်းကွဲသွားတာ။

ဒီဘက်ကမ်းက တွန်းထုတ်လိုက်ရင်
မျက်ရည်မြစ်မှာ ဘ၀တွေလွင့်သွားတာ
ရေမှာအသိုက်ဖွဲ့နေရတာ
လေထဲမှာ ဖုန်မှုန့်တွေလွင့်သွားတာ။

မြေနဲ့လေနဲ့ ကမ္ဘာဆိုပေမယ့်
ရေနဲ့ ရထားတဲ့ ကိုယ်ဝန်သယ်မြို့လေး
ပျော်သလောက် ပျော်တော်ဆက်နေရတယ်။

ကွမ်းယာ ဆေးလိပ်၊ ဂျာနယ်သမား
ဂဏန်ပုဇွန် ဘ၀လတ်လတ်ဆတ်ဆတ်တွေ
ရင်နဲ့ရင်းပြီးနားထောင်
ချစ်တတ်ရင်
ငိုသံတွေလည်း လှတယ်။

ဒီလိုနဲ့ရောက်လာခဲ့တယ်
အိပ်မက်စိုက်ခင်းများ
လူငယ်များနှင့်တကွ
ဒလ ။ ။

ဆောင်းဝေ
24.6.2010


0 comments:

LinkWithin

Related Posts with Thumbnails