Thursday, October 1, 2009

အချိန်ရဲ့ တန်ဖိုး

တစ်နှစ်ရဲ့ တန်ဖိုးကို သိချင်ရင်
စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ။

တစ်လရဲ့ တန်ဖိုးကို သိချင်ရင်
လမစေ့ဘဲ ကလေးမွေးတဲ့ မိခင်ကို မေးကြည့်ပါ။

တစ်ပတ်ရဲ့ တန်ဖိုးကို သိချင်ရင်
အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာကို မေးကြည့်ပါ။

တစ်နေ့ရဲ့ တန်ဖိုးကို သိချင်ရင်
ကလေး ခြောက်ယောက်ကို ကျွေးမွေးရတဲ့
နေ့စား အလုပ်သမားတစ်ယောက်ကို မေးကြည့်ပါ။

တစ်နာရီရဲ့ တန်ဖိုးကို သိချင်ရင်
ဆုံစည်းခွင့်ကို စောင့်နေကြတဲ့
ချစ်သူများကို မေးကြည့်ပါ။

တစ်မိနစ်ရဲ့ တန်ဖိုးကို သိချင်ရင်
ရထားမမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ။

တစ်စက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင်
ယာဉ်တိုက်မှုနှင့် သီသီလေး လွဲသွားတဲ့
ဒရိုင်ဘာကို မေးကြည့်ပါ။

တစ်မီလီစက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင်
အိုလံပစ် ငွေတံဆိပ်ရှင်ကို မေးကြည့်ပါ။

ကျော်ဝင်း

1 comments:

မောင်နွေသစ် said...

ကိုကျော်ဝင်းရဲ့..အတွေးလေးကို
သဘောကျတယ်ဗျာ....
စေ့စေ့ပေါက်ပေါက်တွေးတက်ပါပေ့..။

LinkWithin

Related Posts with Thumbnails