Friday, February 6, 2009

ကမ္ဘာ

မနေ့ညက အိပ်လို့မရတာနဲ့
ဒီဇိုင်နာ လူဇော်သစ် လက်ဆောင်ပေးလိုက်တဲ့
ကဗျာဆရာ မိုသျှန်းရဲ့
တောင်ကိုမျှားတဲ့ တိမ် ကဗျာစာအုပ်လေးကို ဖတ်ရင်း
ဘာမှ မဆိုင်ဘဲ ကဗျာတစ်ပုဒ်က ခေါင်းထဲ ရောက်လာပါတယ်။

အင်း ဟုတ်တယ်
အဲဒီကဗျာလေးကို ဟိုလွန်ခဲ့တဲ့ ငါးနှစ်လောက်က
၂၀၀၄၊ မတ်လ၊ (၂၁)ရက်၊ ကမ္ဘာ့ကဗျာနေ့
ခေတ်ပြိုင်မြန်မာ ၂၀၀၄ ကဗျာရွတ်ပွဲမှာ
ကိုစန်းဦး(စိတ်ကူးချိုချို)က ရွတ်သွားခဲ့တာပါ။

ကဗျာဆရာကိုတော့ ကျွန်တော် မမှတ်မိလိုက်ပါဘူး
အဲဒီကဗျာလေးကို ကျွန်တော် သိပ်ကြိုက်သွားပါတယ်။
နှစ်ပိုဒ်ထဲနဲ့ လိုရင်းထိအောင် ရေးသားနိုင်တဲ့ ကဗျာဆရာကိုလည်း
ချီးကျူးဂုဏ်ယူမိပါရဲ့။

ကဗျာလေးရဲ့ နာမည်က
``ကမ္ဘာ´´တဲ့
ဖတ်ကြည့်ပေးပါဦး။


သူလည်း သူ့အတွေးနဲ့
ကိုယ်လည်း ကိုယ့်အတွေးနဲ့
အော်နေကြတယ်
ပျော်စရာ မကောင်းဘူးလား။

သူလည်း သူ့ဒုက္ခနဲ့
ကိုယ်လည်း ကိုယ့်ဒုက္ခနဲ့
ပျော်နေကြတယ်
အော်စရာ မကောင်းဘူးလား။

2 comments:

Aein Khin said...

ဟုတ်ပါ့..တို့လည်း အော်ချင်နေတယ်။
ပဲပြုတ်...လို့..

yawyeyar said...

ကျုပ်တို့က ပျော်ရမှာလား အော်ရမှာလား ခွဲစမ်းပါဦး ကိုဆူးရင့်ရေ။

LinkWithin

Related Posts with Thumbnails